စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တွင်ကလေးပျော်နေရာဖွင့်လှစ်ဆောင်ရွက်ပေးခြင်း
စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ စက္ခုမှော် Camp တွင် ၁၄-၄-၂၀၂၅ ရက်၌ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးနှင့် Plan international Myanmar တို့ပူးပေါင်း၍ ကလေးပျော်နေရာ CFS ဖွင့်လှစ်၍ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှု ဖြစ်စေရေး၊ ပျော်ရွှင်မှုရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။