မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကလေးပျော်နေရာ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် Tdh-L တို့ပူးပေါင်း၍ ၁၄-၄-၂၀၂၄ ရက်နေ့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ သုဓမ္မာဇရပ်တန်းတွင်လည်းကောင်း၊ နေ့လယ် ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီအထိ လေယာဉ်ကွင်းဟောင်းဘေး ကယ်ဆယ်ရေးစခန်းနှင့် မဟာမြိုင် ဘုန်းကြီးကျောင်းတို့တွင်လည်းကောင်း ကလေးပျော်နေရာ ၄ ခုဖွင့်လှစ်၍ ကလေးများအား ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောခြင်း၊ ပန်းချီဆေးခြယ်ခြင်းစသည်တို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
သုဓမ္မာဇရပ်တန်းတွင် ကလေးငယ် ကျား ၂၈ ဦး၊ မ ၄၄ ဦး၊ စုစုပေါင်း ၇၂ ဦး၊ မဟာမြိုင် ဘုန်းကြီးကျောင်းတွင် ကလေးငယ် ကျား ၂၁ ဦး၊ မ ၁၃ ဦး၊ စုစုပေါင်း ၃၄ ဦးနှင့် ဆင်ဖြူကန် လေယာဉ်ကွင်းဟောင်း၊ ၇၈ လမ်းတွင် ကလေးငယ် ကျား ၂၉ ဦး၊ မ ၂၉ ဦး၊ စုစုပေါင်း ၅၈ ဦးကို စောင့်ရှောက်ပေးလျက်ရှိပါသည်။