စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံ (ဘေဂျင်း ၁၉၉၅)ကို တက်ရောက်ပြီး ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် CEDAW၊ ဘေဂျင်းလုပ်ငန်းစီမံချက်တို့ကို အခြေခံ၍ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) ကို ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။