ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၂)ကြိမ်မြောက်ညီလာခံမှ အတည်ပြု ဆုံးဖြတ်ချက် နှင့် (၃၅) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကော်မရှင်တို့၏ ထောက်ခံချက်များအရ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ၁၉၉၇ခုနှစ်၊ ဇူလိုင်လ(၂၁) ရက်နေ့တွင် ဆုံးဖြတ် ချက် အမှတ် ၁၉၉၇/၁၈ဖြင့် “International Year of Older Persons: towards a society for all ages” “သက်ရွယ်စုံညီလူ့ဘောင်ဆီသို့” ဟူသောဆောင်ပုဒ်ဖြင့် ၁၉၉၉ ခုနှစ်ကို အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနှစ်နှင့် နှစ်စဉ်အောက်တိုဘာလ(၁)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အိုများနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။