မိတ်ဆက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များတွင် အခြေခံရင်းနှီးမြုပ်နှံမှု တိုးချဲ့ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာချဉ်းကပ်မှုအား လက်ခံကျင့်သုံးသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (NSPSP)ကို အတည်ပြုခဲ့ပါသည်။ NSPSPသည် နိုင်ငံသားများအတွက် ဘ၀သက်တမ်း တစ်လျှောက်လုံးတွင် လူမှုကာကွယ်စောင့်ရှောက်မှုနှင့် အခြေခံဝန်ဆောင်မှုများကို လိုအပ်သလို ရရှိစေရေးအတွက် အဓိကလုပ်ငန်းစဥ် (၈)ခုကို ချမှတ်ခဲ့ပါသည်။