အမျိုးသမီးကျောင်းများဌာနစု(၂)
အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (၂)ခုရှိပါသည်။
တည်နေရာ
ရန်ကုန်(တွံတေး)နှင့် မန္တ္တလေးမြို့တို့၌ တည်ရှိပါသည်။
လုပ်ငန်းဆောင်ရွက်မှု
လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ လုပ်ငန်းများ ဆောင်ရွက်ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု
(၁) လူမှုရေးနှစ်သိမ့်ပညာပေးဆွေးနွေးခြင်း၊
(၂) အသုံးလုံး ပညာသင်ကြားပေးခြင်း၊
(၃) အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးခြင်း၊
(၄) မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံပေးခြင်း၊
လူမှုရေးနှစ်သိမ့်ပညာပေးဆွေးနွေးခြင်း
(၁) အဆောင်မှူးများမှ နေ့စဉ်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်း၊
(၂) တစ်ဦးချင်း/ အုပ်စုလိုက်နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊
(၃) လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးခြင်း၊
အသုံးလုံးပညာသင်ကြားပေးခြင်း
စာမတတ်သူများကို အခြေခံအသုံးလုံး အရေး၊ အဖတ် သင်ကြားပေးခြင်း၊
အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်း
အောက်ပါ အသက်မွေးဝမ်းကျောင်း ပညာများသင်ကြား ပေးပါသည်-
(က) စက်ချုပ်
(ခ) ပန်းထိုး
(ဂ) ဇာထိုး
(ဃ) ကြိုးကျစ်
(င) တက်တင်း
မိသားစုနှင့် ဆက်စပ်ပေါင်းစည်းပေးခြင်း
(က) လွတ်ရက်စေ့ သင်တန်းသူများအား လွတ်ရက်မစေ့မီ (၃)လအလိုတွင် မိဘ/ အုပ်ထိန်းသူ မိသားစုထံစာဖြင့် အကြောင်းကြားခြင်း၊ ဖုန်းဖြင့် ဆက်သွယ်စုံစမ်း ပေးခြင်း၊
(ခ) မိဘ/ အုပ်ထိန်းသူ မိသားစုမှ လာရောက်တွေ့ဆုံမှုရှိပါက သင်တန်းသူအတွက် ကျန်းမာရေး၊ လူမှုရေးစောင့်ရှောက်ရန် တွေ့ဆုံမှုမရှိသူများအား မိဘရပ်ထံ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခြင်း၊
နောက်ဆက်တွဲ စောင့်ရှောက်မှုပေးခြင်း
ကျန်းမာရေးနောက်ဆက်တွဲ စောင့်ရှောက်မှုကို သင်တန်းသူများအိမ်သို့ သွားရောက်ပြီး ကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးပါသည်။