၃၀ ဒီဇင်ဘာ၊ ကော့သောင်းမြို့

           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မဉ္ဇူသကခန်းမ၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက် ခဲ့ပါသည်။   

နေပြည်တော်၊ ၃-၁-၂၀၁၉

        လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက် လျက်ရှိသည့် AAR Japan အကူအညီပေးရေးနှင့် ပြန်လည်ထူထောင်ရေးအသင်းသည် ဆောင်ရွက်ချက်များ၏  တိုးတက်မှုအခြေအနေများနှင့် နားလည်မှုစာချွန်လွှာ ပြင်ဆင် ဖြည့်စွက်လိုမှုကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးအား ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ လာရောက်ဆွေးနွေးခဲ့ရာ နှစ်ဖက်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နေပြည်တော်၊ ၂၇.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် Japan Heart, International Medical Volunteersတို့ပူးပေါင်းဆောင်ရွက်သည့် 4th Steering Committee for blind massage system development (စတုတ္ထအကြိမ်မြောက် မျက်မမြင်အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအစည်းအဝေး) ကိုနေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်တွင်၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၂၇ရက်နေ့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်၊ ၂၆-၁၂-၂၀၁၈ မသန်စွမ်းသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အမျိုးသားအဆင့်လမ်းညွှန်ချက် (National Guideline) ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ရန်ကုန်၊ ၂၃-၁၂-၂၀၁၈ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းနှင့် ကျိုက်ဝိုင်းလူငယ် သင်တန်းကျောင်းများသို့ ရောက်ရှိပြီး သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပါသည်။
နေပြည်တော်၊ ၂၂-၁၂-၂၀၁၈ ၂၀၁၈ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီး သွားသည့် မိုးစပါးများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ခြင်းနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။
ဘားအံမြို့၊ ၂၀.၁၂.၂၀၁၈ (၂၀.၁၂.၂၀၁၈) ရက်နေ့တွင် ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်တွင် ကျင်းပသည့် ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ Forum တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းမှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ၊ လူကုန်ကူးခံရသူများအား ကြိုဆိုလက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆက်တွဲ စောင့်ရှောက်မှု လုပ်ငန်းများ၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ မိုင်းဒဏ်ကြောင့် ထိခိုက်ခံစားရသူများအား ငွေကြေးထောက်ပံ့ပေးသည့် လုပ်ငန်း များအား ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အဆိုပါ Forum သို့ အရပ်ဘက် လူမှု့အဖွဲ့အစည်း (၉၄)ဖွဲ့မှ လူဦးရေ(၁၆၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတတ်မြောက်သူတိုင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်စေရေး ရည်ရွယ်၍ “စာတတ်သူတိုင်း စာဖတ်ရေး” လှုပ်ရှားမှုအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၂) (MICC-II) ၌ ကျင်းပလျက်ရှိပါသည်။
မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားနှင့် အမျိုးသားအဆင့်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော အဖွဲ့များ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းအဖွဲ့ (ECCDG Working Group) အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော် Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ကော့သောင်းမြို့၊ ၂၀.၁၂.၂၀၁၈ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် IOM (Myanmar) တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူး ခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း”ကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ Victoria Cliff Hotel ၌ ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ(၂၀)ရက်နေ့မှ(၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည်။