နေပြည်တော်၊၂၀၁၈ခုနှစ်၊ မေလ ၉ရက် ၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့၊နံနက်ပိုင်းတွင်နေပြည်တော်၊သင်္ဂဟဟိုတယ်၌”ကျား/မရေးရာအေ‌ခြပြုအကြမ်းဖက်မှုကိုတွေ့ကြုံ ခံစားခဲ့ရသူများအ တွက်ဝန်ဆောင်မှုများဖိုရမ်”ကိုလူမှုဝန်ထမ်းဦးစီးဌာနနှင့်ကျား/မတန်းတူညီမျှရေးကွန်ယက်တို့ပူးပေါင်း၍ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်တွင်လူမှုဝန် ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေး ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များ၊ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်တိုင်းဒေသကြီးမှ လူမှုဝန်ထမ်းဦးစီးမှူးများ CSOs, NGOs အဖွဲ့အစည်းများမှ (၂၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
ကရင်ပြည်နယ်၊ မြ၀တီ၊ ၂၀၁၈ခုနှစ်၊ မေလ ၉ရက် ထိုင်းနိုင်ငံသို့လူကုန်ကူးခြင်းခံရသူမြန်မာနိုင်ငံသားအမျိုးသား(၈)ဦးတို့အားမြန်မာနိုင်ငံလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့်ထိုင်းနိုင်ငံလူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူထုလုံခြုံရေးဝန်ကြီးဌာနတို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၁၈ခုနှစ်၊မေလ(၉)ရက်နေ့တွင်မြဝတီမြို့၊ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ၌ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ပြန်လည်လွှဲပြောင်းလက်ခံခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ၂၀၁၈၊မေလ ၉ရက် ၂၀၁၈ခုနှစ်၊မေလ(၈)ရက်နေ၊့ညနေ(၃း၀၀)နာရီအချိန်တွင်ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်၊လိပ်ကျွန်းကျေးရွာ၌အဖဦးထွန်းထွန်းလင်းနှင့်ဒေါ်နီလာနွယ်တို့မှသုံး မွှာပူးမွေးဖွားခဲ့သောကလေးမိသားစုများကိုလူမှုဝန်ထမ်းဦးစီးဌာနမှထောက်ပံ့သည့်၅၀၀၀၀၀ိ/-(ကျပ်ငါးသိန်း)နှင့်ဖျာပုံခရိုင်ရှိဌာနဆိုင်ရာများ၏စုပေါင်း လှူဒါန်းငွေ ၁၀၁၀၀၀ိ/-(ကျပ်တစ်သိန်းတစ်ထောင်)စုစုပေါင်း၆၀၁၀၀၀ိ/-(ကျပ်ခြောက်သိန်းတစ်ထောင်)အားဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ထောက် ပံ့ပေးအပ်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး ၊၂၀၁၈ခုနှစ်၊မေလ ၈ရက် (၈.၅.၂၀၁၈)ရက်နေ့တွင်လူမှုဝန်ထမ်းဦးစီးဌာန၊မ​ကွေးတိုင်း​ဒေသကြီးလူမှုဝန်ထမ်းရုံးလက်​​အောက်ရှိ ပခုက္ကူမူလတန်းကြို​ကျောင်းမှတာဝန်ရှိ ၀န်ထမ်း များသည်မ​ကွေးတိုင်း​ဒေသကြီး၊မြိုင်မြို့တွင်ဖွင့်​လှစ်ထား​သောမိခင်ဝိုင်းများသို့သွား​ရောက်၍ ​ကျောင်းဖွင့်​ရာသီအစ က​လေးများတက်​​ရောက်မှုအ​ခြေအေ နစာ ရင်းများထားရှိမှု နှင့်​ ​ကျွေး​မွေးမှုအ​ခြေအ​နေများအား သွား​ရောက်​ကြည့်​ရှု၍ လိုအပ်​သည်​များဖြည့်​စွက်​ အကြံ​ပေး
နေပြည်တော်၊ ၂၀၁၈ခုနှစ်၊ မေလ ၈ရက် ၂၀၁၈ခုနှစ်၊မေလ(၈)ရက်နေ့တွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ အစည်းအဝေး ခန်းမ တွင် Gender and Decentralizationခေါင်းစဉ်ဖြင့်ပြုလုပ်သည့် သုတေသန ညှိနှိုင်းဆွေးနွေးပွဲ ကိုကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင်လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊ဒေါက်တာစန်းစန်းအေးနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသနပြုလုပ်မည့် အဖွဲ့အစည်းများ တက်ရောက် ခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊၂၀၁၈ခုနှစ်၊မေလ ၇ရက် ၂၀၁၈ခုနှစ်မေလ(၄)ရက်နေ့၊နံနက်(၁၀း၀၀)နာရီတွင် ဖျာပုံခရိုင် ၊ဒေးဒရဲမြို့နယ၊် အုန်းပင်ကျေးရွာ (မြောက်ပိုင်း)ရှိ ပညာဥယျာဉ် မိခင်ဝိုင်းနှင့် ဖျာပုံမြိုအမှတ် (၁၂)ရပ်ကွက်တွင် ဖွင့်လှစ်ထားရှိသည့်မိခင်ဝိုင်းအသစ်များ ဖွင့်လှစ်ထားရှိမှုများကို ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအေးေ ကျာ်နှင့်တာဝန်ရှိသူများက မိဘအသိပညာပေးခြင်းနှင့် မိခင်ဝိုင်းလုပ်ငန်းစဉ်များကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဆောင်ရွက်ခဲ့
ကချင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၇ရက် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသောလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒေါက်တာ ၀င်းမြတ်အေးသည် (၆.၅.၂၀၁၈) ရက်နေ့၊နံနက်ပိုင်းက ကချင်ပြည်နယ် မိုးကောင်းမြို့နယ်နမ္မတီးမြို့ရှိ လမ်းခွကျေးရွာသို့ရောက်ရှိပြီး လယ်ဘရော့ယန်နှစ်ခြင်းဘုရားကျောင်းတွင်ယာ ယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင် စခန်းသို့ ရောက်ရှိကြပြီးနေရပ် စွန့်ခွာလာ ရသောပြည်သူများကိုတွေ့ဆုံကာ အားပေးစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးကတိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာကြရသောပြည်သူများ အနေဖြင့် စားဝတ်နေရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး များတွင်လိုအပ်ချက်များ ရှိမည်ဖြစ်ကြပြီး ကူညီထောက်ပံ့ ဖြေရှင်းပေးရန်မှာလည်း အစိုးရ၏တာဝန်ဖြစ်သဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထာဝ ရငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်း အဖြေရှာမှုဖြင့်ညှိနှိုင်းပြီး မျှတသော အကျိုးရလဒ်ကောင်း ရရှိရေးကိုအစိုးရ အနေဖြင့်ဆောင်ရွက် လျက်ရှိကြောင်း၊တိုက် ပွဲရှောင်ပြည်သူ များ၏ ဆန္ဒသဘောထားများကိုရယူပြီးဆောင်ရွက် ရန်ရှိသည်များကိုလည်း မဆိုင်းမတွဆောင်ရွက် လျက်ရှိပါကြောင်း၊ အစိုးရ ၏ဆောင် ရွက် ချက်များ ကိုပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လည်း တိုက်တွန်း ပါကြောင်းဖြင့်ပြောကြား ခဲ့ပါ သည်။
ကချင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၇ရက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးသည် ဒုတိယ၀န်ကြီးဦးစိုးအောင်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးဝန်ကြီးဒေါက်တာ သင်းလွင်နှင့် အတူ တာဝန်ရှိသူများလိုက်ပါလျက် (၅.၅.၂၀၁၈)ရက်နေ့၊ ညနေ ပိုင်းတွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တန်ဖဲရွာတွင် ယာယီဖွင့်လှစ်ထားရှိသော တိုက်ပွဲရှောင်စခန်းသို့ ရောက်ရှိ ကြပြီး နေရပ်စွန့်ခွာရောက်ရှိလာသော ပြည်သူလူထုနှင့်တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားပါသည်။
နေပြည်တော် ၊၂၀၁၈ခုနှစ် ၊ မေလ ၄ရက် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာရေးဆွဲရေး(ဒုတိယအကြိမ်)အစည်းအဝေးတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးမှတက်ရောက်အမှာစကား‌ပြောကြားခဲ့ပါသည်။အစည်းအဝေးကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဝန်ကြီးရုံးစုပေါင်းခန်းမ၌ (၃.၅.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စု ဝန်ကြီးမှ လူငယ်မူဝါဒ ထွက်ရှိပြီး မဟာဗျူဟာရေးဆွဲဆောင်ရွက်နေပြီဖြစ်၍ အတိုင်းအတာ တစ်ခု ထိပြီး‌မြောက်နေပြီဖြစ်သဖြင့်‌လူငယ်များ အားလုံးမှ စည်းလုံးညီ ညွတ်စွာအတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ရန် လိုပါအပ်ကြောင်း ၊ ဌာနဆိုင်ရာ အသီးသီး ၏ဆောင်ရွက်ပြီး ၊ဆောင်ရွက်ဆဲ လုပ်ငန်းစဉ်များတွင် လူငယ် ကဏ္ဍ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးများ အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊
ရခိုင်ပြည်နယ်၊ ၂၀၁၈ခုနှစ်၊ မေလ ၄ ရက် ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊အုတ်ဖိုကျေးရွာတွင်(၂၈.၄.၂၀၁၈)ရက်နေ့မှ(၃၀.၄.၂၀၁၈)ရက်နေ့အထိ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့်CFSI တို့ပူးပေါင်း ဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းတွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးမှ ကလေးသူငယ်အခွင့်အရေးများ၊ကလေးသူငယ်ဥပဒေ၊ MCCT ဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးပင်စင်ပေးအပ်ခြင်း စသည့်လူမှုဝန်ထမ်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပို့ချခဲ့ပြီး