ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊၂၀၁၈၊ဇန်နဝါရီ ၂၄ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိတာချီလိတ်မူလတန်းကြိုကျောင်းတွင်(၂၃.၁.၂၀၁၈)ရက်နေ့၌တတိယ အကြိမ်မိဘအသိပညာပေးဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့ရာကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးမှလက်ထောက်ညွှန်ကြားရေးမှူးမှအဖွင့်အမှာ စကားပြောကြားခဲ့ပြီးကျိုင်းတုံမူလတန်းကြိုကျောင်းနှင့်တာချီလိတ်မူလတန်းကြိုကျောင်းတို့မှကျောင်းအုပ်များနှင့်တာဝန်ရှိဝန်ထမ်းများမှအသိ ပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။
နေပြည်တော်၊ ၂၀၁၈၊ ဇန်နဝါရီ ၂၄ ရခိုင်ပြည်နယ်အတွင်းရှိNVCardကိုင်ဆောင်ထားသူများရရှိသင့်သည့်အကျိုးများရရှိနိုင်ရန်အတွက်ဆောင်ရွက်ပေးနိုင်ရန်ညှိနှိုင်းအစည်းအဝေး ကို(၂၂.၁.၂၀၁၈)ရက်နေ့၊ညနေပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။
နေပြည်တော်၊ ၂၀၁၈၊ဇန်နဝါရီ ၂၄ ထိုင်းနိုင်ငံအငြိမ်းစားဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးProf.DrSurakiartSathirathaiဦးဆောင်သည့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီအကြံပေးအဖွဲ့နှင့်ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် ရခိုင်ပြည် နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီတို့၏တွေ့ဆုံဆွေးနွေးပွဲ ကို (၂၃.၁.၂၀၁၈)ရက်နေ့ ၊နံနက် (၁၀း၀၀) နာရီ တွင်နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်း​မော်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမတွင်​ ​စေတနာ့ ဝန်ထမ်း မူးယစ်ကြီးကြပ်​​ရေးမှူး သင်တန်း အမှတ်စဉ် (၁)၂၀၁၈ ဆင်းပွဲ အခမ်း အနားအား (၁၉.၁.၂၀၁၈) ရက်နေ့၊ မွန်းလွဲ (၁၅း၀၀) နာရီ တွင် ကျင်းပခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများနှင့်သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွင်(၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၀၀) နာရီအချိန်၌ဆံသသင်တန်းအမှတ်စဉ်(၂/၂၀၁၇)သင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာငှက်အော်စမ်းလူငယ်သင်တန်းကျောင်း မှကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ဖိတ်ကြားထားသူများနှင့်သင်တန်းကျောင်းသားများတက်ရောက်ခဲ့ကြပြီးကျောင်းအုပ်ကြီးမှသင်တန်းဆင်းအမှာ စကားပြောကြားခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ (၂၁.၁.၂၀၁၈)ရက်နေ့တွင်ပြင်ဦးလွင်မြို့နယ်၊အောင်ချမ်းသာကျေးရွာတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှမိခင်ဝိုင်းများဖွင့်လှစ်နိုင်ရေးအသိပညာပေးရှင်းလင်းခြင်းအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ်(စီမံ/ဘဏ္ဍာ)ဦးအောင်ကျော်မိုး၊တက်ရောက်အမှာစကားပြောကြားခဲ့ပြီးမန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီး ဦးစီးမှူးဦးကျော်ဝင်း၊ပြင်ဦးလွင်ခရိုင်လူမှုဝန်ထမ်းရုံးမှခရိုင်ဦးစီးမှူး၊ပြင်ဦးလွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဒုအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များမှအသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၂၃ လူမှုဝန်ထမ်းဦးစီးဌာန၊ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကော့မှူးမြို့၊ရန်ကုန်တိုင်းဒေသကြီးတွင်(၂၂.၁.၂၀၁၈)ရက်နေ့၊ နံနက် (၁၀း၃၀)နာရီ အချိန် ၌ Centre of Vocational Training (CVT) Myanmar မှ သင်တန်းကျောင်းသားကလေးများအား သက်မွေးလုပ်ငန်းပညာရပ်များ တတ်မြောက်စေရန် အတွက် အခြေခံလျှပ်စစ် သင်တန်း၊ သတ္တုလုပ်ငန်း သင်တန်းနှင့် လက်မှုပညာ သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ ပါသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr. Jukr Boon-Long နှင့် ဥရောပသမဂ္ဂအဖွဲ့ရုံး၊သံအမတ်ကြီး H.E Mr. Hhristian Schmidt တို့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမတွင် သီးခြားစီ လာရောက်တွေ့ဆုံပါသည်။ ထိုင်းသံအမတ်ကြီး H. E. Mr. Jukr Boon-Longက ထိုင်းနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်တွင် စီမံကိန်းများဆောင်ရွက်နေပါကြောင်း၊ အထက်တန်းကျောင်းနှင့် အလယ်တန်း ကျောင်းများ ပြုပြင်ခြင်း၊ ရပ်ရွာပိုင်ဆန်စက်ထူထောင်ခြင်းနှင့် သင်တန်းများပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် အိမ်ရာဆောက်လုပ်ရေးကဏ္ဍ၌ အကူအညီပေးလိုပါ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်
ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ ၊ဇန်န၀ါရီ ၁၉ (၁၉.၁.၂၀၁၈)ရက်နေ့၊နံနက်(၉း၃၀)နာရီတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းအမှတ်(၁)၊ပဲခူးမြို့၌ ကိုရီးယားနိုင်ငံမှ လှူဒါန်း မှုပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးအဖွင့်အမှာ စကားပြောကြားပြီးKorea University Council For Social Service Under by KOICA (KUCSS)မှ Volunteer များကနှုတ်ဆက် စကားပြောကြား၍ လှူဒါန်းပစ္စည်းများအား လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးမှ ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး အမှတ်(၁) မူလတန်းကြိုကျောင်း ၊ကျောင်းအုပ် မှကျေးဇူးတင် စကားပြန်လည်ပြောကြား ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊၂၀၁၈၊ဇန်နဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းရုံးနှင့်ဌာနငယ်မူကြို/သင်တန်းကျောင်းများ၏ မီးဘေး လုံခြုံရေးဟောပြောပွဲ၊ ဇတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြပွဲအခမ်းအနားအား (၁၃.၁.၂၀၁၈)ရက်နေတွင် ကျိုင်းတုံကလေးပြုစုရေးဌာန၌ကျင်း ပပြုလုပ်ခဲ့ပါသည်