နေပြည်တော် ၊၂၀၁၈၊ဇန်နဝါရိ ၁၉ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) မှကိုယ်စားလှယ်ဖြစ်သူMr.Giuseppede Vinecentiisနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ (UNFPA) မှကုသမဂ္ဂ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms.Janet E .Jackson တို့က (၁၈.၁.၂၀၁၈) ရက်နေ့ ၊နေ့လည်ပိုင်း တွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ တွင်သီးခြားစီ လာရောက်တွေ့ဆုံ ပါသည်။
မကွေးတိုင်းဒေသကြီး၊၂၀၁၈၊ဇန်နဝါရီ ၁၉ လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်း၊မကွေးမြို့တွင်ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားအား(၁၉.၁.၂၀၁၈)ရက်နေ့၌ကျင်းပပြုလုပ် ရာမကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိဝန်ထမ်းများ၊မိဘဆရာအသင်းဝင်များနှင့် ကလေးမိဘများတက်ရောက် အားပေး၍ဆုများ အသီးသီးချီးမြှင့်
ကချင်ပြည်နယ်၊ ၂၀၁၈၊ဇန်နဝါရီ ၁၈ (၁၅.၁.၂၀၁၇)ရက်​​နေ့၊နံနက်(၀၉း၀၀)နာရီတွင်လူမှုဝန်ထမ်းဦးစီးဌာနဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံး၊ခန်းမ​ဆောင်၌ ​စေတနာ့ဝန်ထမ်းမူး ယစ်ကြီးကြပ်​ ​ရေးမှူးသင်တန်းအမှတ်စဉ်(၁/၂၀၁၈)ဖွင့်​လှစ်​ခြင်းအခမ်းအနားကျင်းပခဲ့ရာ ဗန်း​မော်ခရိုင် အထွေ​ထွေအုပ်ချုပ်​​ရေးဦးစီးဌာန ၊ဒု/ခရိုင် အုပ်ချုပ်​​ရေးမှူး မှ အဖွင့်​ အမှာစကား​ပြောကြားပြီးဗန်း​မော်ခရိုင်​လူမှုဝန်​ထမ်းရုံး၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူးဦးသန်းထွန်း​အောင်​ကသင်​တန်းဖွင့်​လှစ်​ရခြင်းရည်​ရွယ်​ချက်​များကိုရှင်းလင်း​ပြောကြားပါသည်​။
ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၁၈။ဇန်နဝါရီ ၊၁၈ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအခြေခံသင်တန်းအား (၁၇.၁.၂၀၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ရာရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊တိုင်းဒေသကြီးဦးစီးမှူးဒေါက်တာကေသီကျော်နှင့်တာဝန်ရှိ ၀န်ထမ်းများမှကြည့်မြင်တိုင်မြို့နယ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် များအား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပြီး
နေပြည်တော်၊၂၀၁၈၊ဇန်နဝါရီ ၊ ၁၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အားနော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ms .Tone Tinnesနှင့်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP )မှ Country Directorဖြစ်သူ Mr. Peter Batchelorတို့က (၁၇.၁.၂၀၁၈)ရက်နေ့ ၊နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၊ မေခလာခန်းမ၌ သီးခြားစီလာရောက်တွေ့ဆုံပါသည်။
နေပြည်တော်၊၂၀၁၈၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ (၁၅:၃၀)နာရီက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊အစည်းအဝေးခန်းမတွင် ကျင်းပရာ ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ဥက္ကဌ ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇)ကြိမ်မြောက်အစည်းအဝေးဖြစ်ပြီးကော်မတီ ဖွဲ့စည်းပြီးလေးလပြည့်မြောက်ပြီဖြစ်သောကြောင့် လုပ်ဆောင်ချက်များ ကိုပြည်သူသို့ အစီရင်ခံ တင်ပြရ မှာဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင် နှင့် အကြံပြုချက်ကော် မရှင်တို့၏ အကြံပြုချက်များကို ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်သွားရ မည်ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများ၏ သဘောထားနှင့် ခံစားမှုများကို အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်စားရမည်ဖြစ်ကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊၂၀၁၈၊ ဇန်နဝါရီ ၁၈ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဗန်းမောက်မြို့နယ်တွင်အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းကို(၈.၁.၂ဝ၁၈)ရက်နေ့တွင်ဗန်းမောက်မြို့နယ် ၊မြို့ တော်ခန်းမ၌ သင်တန်းသား (၃ဝ)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ တိုင်းဦးစီးမှူး မှအဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ၂၀၁၈၊၊ဇန်နဝါရီ ၁၈ ကချင်ပြည်နယ်၊ဗန်းမော်မြို့၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ​ပေး ​ဟော​ပြောပွဲအား (၁၇.၁.၂၀၁၈)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် တက်ရောက် ၍ ပြန်လည်ထူထောင် ရေးလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောခဲ့ပါသည်။
ရခိုင်ပြည်နယ်၊စစ်တွေ ၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ လူမှုဝန်ထမ်းဦးစီးဌာန၊ကလေးပြုစုရေးဌာန၊စစ်တွေမြို့တွင်ြပုစုစောင့်ရှောက်လျက်ရှိသောကလေးများ၏ကာယစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်း အနားအား (၁၄.၁.၂၀၁၈) ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံး မှပြည်နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ တက်ရောက်အားပေး၍
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၁၈၊ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်၊ဝန်းသိုမြို့နယ်တွင် မူးယစ်ဆေးသုံးစွဲသူများအား ကုသစောင့်ရှောက်မှုပေးရေး၊ လူထုအခြေပြု လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် အကြိုအသိပေးညှိနှိုင်းဆွေးနွေးပွဲများကို (၁ဝ၁၂ဝ၁၈)ရက်နေ့တွင် ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။