(၁၅-၁-၂၀၂၁) နေပြည်တော်၊ မဲခေါင်-အမေရိကန်မိတ်ဖက်ပူးပေါင်းမှုအစီအစဉ်အနေဖြင့် Mekong-U.S Partnership Women's Empowerment Policy Dialogue on Women, Peace and Security ဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် virtual ဖြင့် ပါဝင် တက်ရောက်ခဲ့ပါသည်။