ဖေဖော်ဝါရီလ (၁၇) နေပြည်တော်
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရန်နှင့်  မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဆင့်ဆင့်ပြန်လည်ဖွဲ့စည်းရန်အတွက် ‌ဆွေးနွေးညှိနှိုင်း အစည်းအ‌‌ဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်  တာဝန်ရှိ သူများ  တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ 

ဇန်နဝါရီ ၃၀၊ နေပြည်တော် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ -၂၀၂၄) အကောင်အထည် ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ Virtual Meeting ဖြင့် တက်ရောက်ဆွေးနွေးခဲ့ပါသည်။

နေပြည်တော်  ၁၉.၁.၂၀၂၁။       မြန်မာ-ထိုင်းနှစ်နိုင်ငံ ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်ခံစားရသော ကလေးသူငယ်များအား  ကာကွယ်စောင့်ရှောက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးရေးလုပ်ငန်း စီမံကိန်းကော်မတီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို (၁၉.၁.၂၀၂၁)ရက်နေ့တွင် Virtual Meeting ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊  နားလည်မှုစာချွန်လွှာ ရေးထိုးရေးစီမံကိန်းအကြံပေး ကော်မတီ ဝင်များ၊ နားလည်မှု စာချွန်လွှာ ရေးဆွဲရေး နည်းပညာအဖွဲ့ဝင်များ နှင့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး စံလုပ

နေပြည်တော်  ၂၀.၁.၂၀၂၁။      လူမှုဝန်ထမ်းဦးစီးဌာနသည် အမျိုးသမီးများ၏ ဘ၀လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်အစီအစဉ်များ၊စီမံချက်များအားသက်ဆိုင်ရာလွှတ်တော်များ၊အစိုးရဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

၁၂-၁-၂၀၂၁ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင်  လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ (Local Resource Centre-LRC) တို့ ပူးပေါင်း၍ မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေကြေး ဝန်ဆောင်မှုနှင့်ပတ်သက်သော ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု (Digital Literacy) သင်တန်း    တစ်ခုကို Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ အမျိုးသမီး အရာထမ်း၊ အမှုထမ်း (၅၅)ဦး တက်ရောက်ခဲ့ပါသည်။

 နေပြည်တော်  ၁၉.၁.၂၀၂၁။   မြန်မာ-ထိုင်းနှစ်နိုင်ငံ ရွှေ့ပြောင်း သွားလာခြင်းကြောင့် ထိခိုက်ခံစားရသော ကလေးများ ကာကွယ်စောင့်ရှောက်ရေး နားလည်မှုစာချွန်လွှာ ရေးထိုးရေးလုပ်ငန်း စီမံကိန်းကော်မတီ၏ (၈)ကြိမ်မြောက် အစည်းအဝေးကို (၁၉.၁.၂၀၂၁)ရက်နေ့တွင် Virtual Meeting ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြန်လည်ထူထောင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊  နားလည်မှုစာချွန်လွှာ ရေးထိုးရေးစီမံကိန်းအကြံပေး ကော်မတီ ဝင်များ၊ နားလည်မှု စာချွန်လွှာ ရေးဆွဲရေး နည်းပညာအဖွဲ့ဝင်များ နှင့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော်ရေး စံလုပ်ငန်းအစီအစဉ် ၏ နည်းပညာ အဖွဲ့ဝင် များနှင

နေပြည်တော်  ၁၈.၁.၂၀၂၁  ၊COVID-19 ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရသော လူနေမှုပုံစံသစ်အတွင်း Early Childhood Intervention (ECI) ရှေ့ပြေးဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် အားသစ်လောင်းအစီအစဉ်တစ်ရပ် (Online Retreat Program) ကို (၁၈.၁.၂၀၂၁)ရက်နေ့တွင်  Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနု က မွေးစမှ အသက်(၅)နှစ်အရွယ်ရှိ ကလေး သူငယ်များအတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲ