လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်းများရှိ ကလေးများ၏ လေ့လာရေးခရီးစဉ်သွားရောက်မှု

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်းများမှ ကလေးသူငယ်များအား စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက်

မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ကျောင်းသားအိပ်ဆောင်သစ် အဆောက်အဦ ဖွင့်လှစ်မှုမှတ်တမ်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း၁၇၄တန်ဖိုးရှိ ကျောင်းသားအိပ်ဆောင်သစ် (၁၂၅x ၃၀x ၁၂)ပေ RC (၁)ထပ် အဆောက်အဦကို ၈.၇.၂၀၂၃ရက်မှစတင်၍ ABCompanyမှ စတင်ဆောက်လုပ်ခဲ့ပြီး ၁၃.၂.၂၀၂ရက်တွင် ပြီးစီးခဲ့ပါသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း ဖွင့်လှစ်ခြင်း

လူမှုဝန်ထမ်းဦးစီးဌာန၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှဦးဆောင်၍ အသက်(၃)နှစ်မှ (၅)နှစ်အထိ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ သင်တန်းအား...

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် လူငယ်သင်တန်းကျောင်းများ၏ ၂၀၂၄ခုနှစ် နွေရာသီကာလ (မတ်၊ ဧပြီ၊ မေ)လအတွင်း လှုပ်ရှားဆောင်ရွက်မှုများ

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး လက်အောက်ရှိ မူလတန်းကြိုကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာမများအား စွမ်းရည်မြှင့်တင်ရန်ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံအကသင်တန်း၊ အခြေခံပန်းချီသင်တန်း၊ အခြေခံအော်ဂင်သင်တန်းများကို

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနား

ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို (၁၁.၄.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၀၀)ဦးတက်ရောက်ခဲ့ပါသည်။

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် (၁၇.၄.၂၀၂၄) ရက်နေ့တွင် ကျရောက်သော မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သာသနာဗိမာန်တော်ကြီးတွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၏ အမှတ်စဉ်(၈) စက်ချုပ်နှင့်မုန့်မျိုးစုံသင်တန်းဆင်းပွဲ အခမ်းအနား

အမှတ်စဉ်(၈)စက်ချုပ်နှင့်မုန့်မျိုးစုံသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ(၃၁)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးသင်တန်း

ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူး၍ မတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်ရှိ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ ကျား/မရေးရာ အခြေခံသဘောတရားများအကြောင်း (Gender)၊ အမျိုးသမီးများအားခွဲခြားမှုပပျောက်ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအကြောင်း (CEDAW)နှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အကြောင်း (NSPAW)တို့အား အသိပညာ...

မူလတန်းကြိုကျောင်းများကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပဒေသာကပွဲ အခမ်းအနားများကျင်းပ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ ဌာနပိုင်မူလတန်းကြိုကျောင်း ( ၆ ) ကျောင်းမှ ၂၀၂၄ခုနှစ်၊ မတ်လအတွင်း ရင်သွေးငယ်လေးများအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်ပဒေသာကပွဲ အခမ်းအနားများ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မော်လမြိုင်မြို့၊ အမှတ်(၁) မူလတန်းကြို...