မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးကြီးကြပ်မှုအောက်ရှိ လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ကျောင်းသားအိပ်ဆောင်သစ် အဆောက်အဦ ဖွင့်လှစ်မှုမှတ်တမ်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ကြီးကြပ်မှုအောက်ရှိ မော်လမြိုင်မြို့၊ စမ်းကြီးရပ်၊ လူငယ်သင်တန်းကျောင်းဝင်းအတွင်း၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၇၄တန်ဖိုးရှိ ကျောင်းသားအိပ်ဆောင်သစ် (၁၂၅x ၃၀x ၁၂) ပေ RC (၁)ထပ် အဆောက်အဦကို ၈.၇.၂၀၂၃ ရက်မှစတင်၍ ABCompanyမှ စတင်ဆောက်လုပ်ခဲ့ပြီး ၁၃.၂.၂၀၂ရက်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါ အဆောက်အဦဖွင့်ပွဲအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ၃၀.၅.၂၀၂၄ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ လူငယ်သင်တန်းကျောင်း ကျောင်းသားများက “တို့ချစ်တဲ့ကမ္ဘာ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး အခမ်းအနားကို နံနက် ၀၈:၁၅ နာရီတွင် ရုပ်သိမ်းလိုက်ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုပြီး ကျောင်းသားများအား အားပေးစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများ၊ လူငယ်သင်တန်းကျောင်း ကျောင်းအုပ်နှင့်ဆရာ၊ ဆရာမများ၊ သင်တန်းကျောင်းမှကျောင်းသားများ စုစုပေါင်းအင်အား ၁၀၀ဦး တက်ရောက်ခဲ့ကြပါသည်။