အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား(နေပြည်တော်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားအား ၈.၃.၂၀၂၅ ရက်တွင် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ နေပြည်တော်၊ ဇမ္ဗူသီရိခန်းမတွင် ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ အဖွင့်စကား ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခြင်းဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ လုပ်ငန်းများ၏ အရေးကြီးမှုကို ပိုမိုထင်ဟပ် ပေါ်လွင်စေခြင်း၊ အမျိုးသမီးများအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်နိုင်ခြင်း နှင့်စောင့်ရှောက်မှုများပေးနိုင်ခြင်းဖြင့်  အမျိုးသမီးများ၏ စွမ်းရည်များကို မြှင့်တင်ပေးနိုင်ပါရန် ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊အမျိုးသမီးများနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားအား ညနေ၀၄:၀၀နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

FacebookTwitter