မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ကလေးပျော်နေရာ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

    ၂၈-၃-၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ သုဓမ္မာဇရပ်တန်း၊ ငလျင်ဘေးရှောင်စခန်း ၂ ခုရှိ မိသားစုဝင်များ၏ ကလေးငယ် ၂၀၀ ဦးခန့်အတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုရရှိစေရေး၊ စိုးရိမ်စိတ်များလျှော့ချနိုင်စေရေးနှင့် လူမှုပတ်ဝန်းကျင်အတွင်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်စေရေးအတွက် ၆.၄.၂၀၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးနှင့် Tdh-L တို့ပူးပေါင်း၍ ကလေးပျော်နေရာများ ပြုလုပ်ပေးခဲ့ပြီး ကလေးများစိတ်ပျော်ရွှင်မှုရရှိနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

FacebookTwitter