မန္တလေးတိုင်းဒေသကြီး၊ မဟာမြိုင်ဘုန်းတော်ကြီးကျောင်းတွင် ကလေးပျော်နေရာ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိ

၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမြိုင်ဘုန်းတော်ကြီးကျောင်း ငလျင်ဘေးရှောင်စခန်းရှိ မိသားစုဝင်များ၏ ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်မှုရရှိစေရေး၊ စိုးရိမ်စိတ်များ လျှော့ချနိုင်စေရေးနှင့် လူမှုပတ်ဝန်းကျင်အတွင်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်စေရေးအတွက် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ဝန်ထမ်းများက ကလေးပျော်နေရာများ ပြုလုပ်ပေးခဲ့ပြီး ကလေးများစိတ်ပျော်ရွှင်မှုရရှိနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

FacebookTwitter