ကယားပြည်နယ်လူမှုဝန်ထမ်းရုံးမှ အခြေခံလူမှုဝန်ထမ်းသင်တန်းနှင့် COVID-19 ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

၇.၇.၂၀၂၁      ကယားပြည်နယ်၊ လွိုင်ကော်မြို့
အခြေခံလူမှုဝန်ထမ်းသင်တန်းကို(၇.၇.၂၀၂၁)ရက်နေ့မှ(၈.၇.၂၀၂၁)ရက်နေ့ထိကယားပြည်နယ်လူမှုဝန်ထမ်းရုံးတွင်ဖွင့်လှစ်ခဲ့ရာသင်တန်းသား(၂၁)ဦးတက်ရောက်ခဲ့ကြပါသည်။သင်တန်း တွင် လူမှုဝန်ထမ်းလုပ်ငန်း (၇)ရပ်နှင့် ချိတ်ဆက်ဆောင်ရွက်ရသောလုပ်ငန်းများအကြောင်း သင်ကြား ခဲ့ပါသည်။

၈.၇.၂၀၂၁  ကယားပြည်နယ်၊ လွိုင်ကော်မြို့
(၈.၇.၂၀၂၁)ရက်နေ့တွင် ကယားပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၌ COVID-19 ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပရဟိတဂေဟာများမှ ပြုစုစောင့်ရှောက်သူ (၂၁)ဦး တက်ရောက်ခဲ့ကြပါသည်။
 

FacebookTwitter