၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက် တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပခြင်း

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၈) ရက်တွင် ကျင်းပပြုလုပ်သည့် "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု" အထိမ်းအမှတ် အခမ်းအနားအား ရှမ်းပြည်နယ် အမျိုးသမီးကော်မတီမှကြီးမှူး၍ (၈.၁၂.၂၀၂၄)ရက်၊ နံနက်ပိုင်း (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်တကွ ပြည်နယ်အဆင့် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၃၀)ဦးခန့်တို့ တက်ရောက်ခဲ့ပြီး "အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု" အထိမ်းအမှတ်  Video Clip ပြသ၍ အခမ်းအနားကို နံနက်ပိုင်း (၀၉း၄၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter