မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ အစည်းအဝေးအား ယနေ့ နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အရ  (၂) နှစ်လျှင် (၁) ကြိမ် အစီရင်ခံ စာရေးသားခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းနယ်ပယ် (၁၂) ရပ်အနက် လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ(၂/၂၀၂၄) အစည်းအဝေးတွင် တင်ပြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)ကို Video Clip ဖြင့် မိတ်ဆက်အသိပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကနဦးအစီရင်ခံစာ ရေးသားရေးနှင့်ပတ်သက်ပြီး လုပ်ငန်းကော်မတီဝင်များအနေဖြင့် စီမံကိန်း အကောင်အထည်ဖော်မှု၏ အားနည်းချက်၊ အားသာချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြုကြရန် ပြောကြားခဲ့ပါသည်။

FacebookTwitter

နောက်ဆုံးရသတင်းများ