မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဂုဏ်ပြုအကြိုလှုပ်ရှားမှု

    ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဂုဏ်ပြုအကြိုလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မူလတန်းကြိုကျောင်းပေါင်းစုံ ဉာဏစွမ်းရည်ပြိုင်ပွဲကို COVID-19 စည်းကမ်းနှင့်အညီ (၉.၂.၂၀၂၂) ရက်နေ့တွင် အမှတ်(၄၇)၊ ဗဟိုလမ်း၊ အလုံမြို့နယ်ရှိ မူလတန်းကြိုကျောင်းအမှတ်(၄) ၌ ကျင်းပခဲ့ရာ မူလတန်းကြိုကျောင်း (၂၄) ကျောင်းတို့မှ သားငယ် (၁၅၀) ဦး၊ သမီးငယ် (၁၇၅) ဦး စုစုပေါင်း (၃၂၅) ဦး တို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အချိန်ခွဲ၍ ကဗျာပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်)၊ သီချင်းဆိုပြိုင်ပွဲ (အကြီးဆင့်)၊ ဆေးရောင်ခြယ် ပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်)၊ စိတ်ကူးယဉ်ပန်းချီပြိုင်ပွဲ(အကြီးဆင့်/အငယ်ဆင့်)၊ လက်ချောင်းပန်းချီပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်) များ ပြုလုပ်ခဲ့ပြီး ကလေးအားလုံးအား အမှတ်တရဂုဏ်ပြု လက်ဆောင်များချီးမြှင့်ပေးခဲ့ပါသည်။

FacebookTwitter