ရန်ကုန်တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပပြုလုပ်ခြင်း

  ရန်ကုန်တိုင်းဒေသကြီးကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီ အစည်းအဝေးကို (၉.၃.၂၀၂၂)ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကာရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာကေသီကျော်မှ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် ကော်မတီများ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအနက် ရန်ကုန်တိုင်းဒေသကြီးနှင့် သက်ဆိုင်သော အချက်များ၊  ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီ အဖွဲ့အစည်းများမှ ဆွေးနွေးတင်ပြခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

FacebookTwitter