သက်ကြီးရွယ်အိုများဆိုင်ရာဉပဒေအသိပညာပေးသင်တန်း
သက်ကြီးရွယ်အိုများဆိုင်ရာဉပဒေအသိပညာပေးသင်တန်းကို (၃၁.၃.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်စီမံခန့်ခွဲရေးဦးစီးဌာန (OSS) အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၃၈)ဦး တက်ရောက်ခဲ့ပါသည်။ ထိုသင်တန်းတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက သက်ကြီးရွယ်အိုများဆိုင်ရာဉပဒေနှင့် လူမှုဝန်ထမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။