လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်က အဆိုပါ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ သီဟသုဓမ္မမဏိဇောတဓရ ဒေါက်တာအောင်ကျော်ဝင်းနှင့် ဇနီး ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင် အမှူးပြုသော ဝန်ကြီးဌာနမှ ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဇနီး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ စသည့် ဝန်ကြီးဌာန မိသားစုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဝန်ကြီးဌာန ဆရာဒကာ ကျောင်းများဖြစ်သော ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် ကိုးခန်းကြီးကျောင်းတိုက်တို့မှ သံဃာတော်များ ကြွရောက်ခဲ့ကြပြီး ဦးစွာ နမောတဿ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ကိုးခန်းကြီး ကျောင်းတိုက်ဆရာတော်( သဒ္ဓမ္မ ဇောတိကဓဇ သာသနဓဇ ဓမ္မာစရိယ ဝိနယ ဝိဒူဘဒ္ဒန္တ အာစိန္တ ) ထံမှ ငါးပါးသီလခံယူကာ ဆရာတော်သံဃာတော်များထံမှ ပရိတ် တရားတော်များနာယူပြီး လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို နံနက်(၁၀:၃၀) အချိန်ခန့်တွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။