၂၀၂၂ခုနှစ်၊မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

    ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်၍ (၄.၇.၂၀၂၂) ရက်နေ့တွင် အလုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၄) သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့်ဇနီး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ်မျိုးမင်းထိုက်၊ ဥပဒေချုပ်ဦးဌေးအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (ရန်ကုန်တိုင်း) ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင် (၁၄) ခရိုင်မှ ခရိုင်အမျိုးသမီး ကော်မတီ ဥက္ကဌများနှင့်ဇနီးများ၊ မြို့နယ် (၄၄) မြို့နယ်မှ မြို့နယ်အမျိုးသမီး ကော်မတီဥက္ကဌများနှင့်ဇနီးများ၊ ထူးချွန်အမျိုးသမီးအားကစားသမားများ၊ ဆုရကျောင်းသား/ သူများနှင့် မိဘများ စုစုပေါင်း (၃၈၉) ဦး တက်ရောက်ခဲ့ကြပါသည်။

     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှအဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းသား/ သူများက ဇာတိမာန်သီချင်းဖြင့် တင်ဆက်ကပြခဲ့ပါသည်။ ထို့နောက်အမျိုးသမီး အားကစားသမားများမှ သရုပ်ပြတင်ဆက်ခြင်း၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်ဆုတံဆိပ်များရရှိခဲ့ကြသော အမျိုးသမီးများကိုဆုချီးမြှင့်ခြင်း၊   9th ASEAN+3 Junior Science ODYSSEY Mixed-country ပညာရေးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ မြန်မာအမျိုးသမီးများနေ့အကြိုလှုပ်ရှားမှုအဖြစ် ရန်ကုန်အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဝန်ထမ်းများရိုးရာပွဲတက် ဝတ်စုံချုပ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရ ဝန်ထမ်း (၃) ဦးအားလည်းကောင်း၊ ထို့နောက် ဖျော်ဖြေရေး အစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တက်ရောက်လာကြတဲ့ ဝန်ကြီးများနှင့်ဇနီးများနှင့်တာဝန်ရှိသူတို့မှဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့များမှ အခမ်းအနားတွင် ခင်းကျင်းပြသထားသည့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ကျောင်းသူများ၏ လက်မှုထွက်ကုန်ပစ္စည်းများ၊ မြန်မာအမျိုးသမီးများ‌နေ့အကြိုလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ 

FacebookTwitter