စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှာရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှာရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၈.၇.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ ထိုအစည်းအဝေးတွင် ကော်မတီ ဉက္ကဌက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူးဖြစ်သူ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်ကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည်။ ထို့နောက် ကော်မတီဉက္ကဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

FacebookTwitter