လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်) သင်တန်းနည်းပြဆရာမများသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

    လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်) ၏ သင်တန်းနည်းပြဆရာမများ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို (၁၁.၇.၂၀၂၂) ရက်နေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ သင်တန်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေခြည်သက်နိုင်နှင့် အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်ခင်မိုးဝေ (ဒုတိယညွှန်ကြားရေးမှူး) တို့ တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက်သင်တန်းသူများ၏ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၀၉:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter