ရန်ကုန်တိုင်းဒေသကြီး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ(၁/၂၀၂၂)အစည်းအဝေး ကျင်းပပြုလုပ်ခြင်း
ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ(၁/၂၀၂၂) အစည်းအဝေးကို (၈.၈.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၊ ခန်းမ(၃)၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေးခြင်း၊အချို့သောသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအဖွဲ့ဝင်များမှာ ပြောင်းရွှေ့သွားပါသဖြင့် ကော်မတီအဖွဲ့ဝင်များ၏ အမည်ပြောင်းလဲခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံပြကျေးရွာများတွင် လူမှုအားမာန်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အခမ်းအနား ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။