စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အစည်းအဝေး

     စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၁၂.၈.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစီအစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်၊ ပထမ (၃) လပတ်နှင့် ဒုတိယ (၃) လပတ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးပြောကြားဆွေးနွေးပြီး စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

FacebookTwitter