"ASEAN – Institute for Peace and Reconciliation ( ASEAN – IPR ) Discussion Series 2022, Session 3: Protection and Promotion of Human Rights for Sustainable Peace" Webinar သို့ Virtual Conferencing ဖြင့်တက်ရောက်ခြင်း

ASEAN – IPR Discussion Series 2022, Session 3: Protection and Promotion of Human Rights for Sustainable Peace အစည်းအဝေးအား (၂၃.၈.၂၀၂၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၃၀မှ၁၆:၀၀) နာရီအထိ Virtually ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံအမျိုးသမီးငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍမှအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။ 
အဆိုပါ ဆွေးနွေးပွဲတွင် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေငြာစာတမ်း၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် ဆောင်ရွက်မည့်လုပ်ငန်းယန္တရားများနှင့် ကျား၊မရေးရာရှုထောင့်မှ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ ရေရှည်တည်တံ့ဖွံ့ဖြိုးနိုင်မည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ (Sustainable Peace)နှင့် စိန်ခေါ်မှုများဆိုင်ရာ ခေါင်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။ 

FacebookTwitter