လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ “ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်လှစ်ခြင်း

    ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါ ဝန်ကြီးဌာနများမှ ဝန်ထမ်းများသို့ ဖွင့်လှစ်ပို့ချပေးမည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

   သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများမှ ဘာသာရပ်ပို့ချမည့်သူများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

    အခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်သည် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၂) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှဝန်ထမ်းများအနေဖြင့် ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုဆိုင်ရာတုံ့ပြန်ဖြေရှင်းဆောင်ရွက်မှု အသိပညာ၊ ဗဟုသုတများရရှိပြီး  အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေရန်ဖြစ်ပါကြောင်း။

     ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ဖြစ်သူ Ms. Pramila Patten တို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ အဆိုပါပူးတွဲကြေညာချက်တွင် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးအတွက် ဦးစားပေးကဏ္ဍ (၆)ရပ် ပါဝင်ပြီး ၎င်းဦးစားပေးကဏ္ဍများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရန်အတွက် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပါကြောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၀၆၊ အပိုဒ် ၁၀ အရ အကောင်အထည်ဖော်ရမည့် အချက် (၃) ချက်နှင့် ပူးတွဲကြေညာချက် (Jiont Communique) ပါ ဦးစားပေးကဏ္ဍ (၆) ရပ်တို့အပေါ်မူတည်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ ကျူးလွန်ခံရသူဗဟိုပြုချဉ်းကပ်မှု အကြမ်းဖက်ခံရသူများအား အကြမ်းဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှုနှင့်အညီ ဆောင်ရွက်ပေးရမည့်အချက်များ၊ အကြမ်းဖက်မှုကျူးလွန်သူများအား Zero-tolerance မူဝါဒနှင့်အညီ အပြစ်ပေးအရေးယူမည့် အချက်များ၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား စီမံကိန်းကာလတစ်နှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် တိုးတက်မှုရလဒ်များကို ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာသို့အသိပေးခြင်း လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းရေးဆွဲထားပါကြောင်း။

     အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို ၁၀.၁၁.၂၀၂၁ ရက်နေ့မှ ၁၀.၁၁.၂၀၂၂ ရက်နေ့ အထိ စီမံချက်ကာလတစ်နှစ်သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုသင်တန်းကို စီမံချက်ကာလအတွင်း(၂) ကြိမ်ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း၊ သင်တန်းမှာ ဆွေးနွေးသွားမည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ် အရေးယူဆောင်ရွက် ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုနှင့်စပ်လျဉ်းသော ပြစ်မှုများအကြောင်း၊ Gender Based Violence - GBV, One Stop Crisis Center - OSCC နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ၊ Joint Commnique လုပ်ငန်းစီမံချက်အကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR-1325)၊ အကြမ်းဖက်ခံရသူသို့ ဗဟိုပြုချဉ်းကပ်မှု၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Gender Based Violence - GBV တုံ့ပြန်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Helpline ဝန်ဆောင်မှုနှင့်  One Stop Women Support Center -  OSWSC ဆိုင်ရာ ဝန်ဆောင်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ပြောကြားခဲ့ပါသည်။

     သင်တန်းသို့ လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ရမည့် ဌာနဆိုင်ရာအသီးသီးနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့မှ သင်တန်းသား/ သူ (၅၀) ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ ၃၀.၈.၂၀၂၂ ရက်နေ့မှ ၃၁.၈.၂၀၂၂ ရက်နေ့ထိ (၂) ရက်တာဖြစ်ပြီး၊ သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျား၊မရေးရာအခြေခံသဘောတရားနှင့် ကျား၊မရေးရာအခြေပြု အကြမ်းဖက်ခြင်းခေါင်းစဉ်ဖြင့်ပါဝင်ဆွေးနွေးပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter