အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့လူမှုဝန်ထမ်းရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား အသိပညာပေး ကလေးသူငယ်အခွင့်အလမ်းများဆိုင်ရာ ဥပဒေစာအုပ်ကို (၂၃.၇.၂၀၁၉) တွင် အခန်း (၃၀)၊ ပုဒ်မ (၁၂၁) ခု၊ အခန်း (၁၄)တွင် ကလေးသူငယ်များ အလုပ်လုပ်ကိုင်စေခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းတို့ကို ရေးသားပြဌာန်းထားပါသည်။ ကလေးသူငယ်၏ အသက်သည် (၁၄) နှစ် အောက်မငယ်စေရ၊ နိုင်ငံတော်၏ ပညာရေးရည်မှန်းချက်အရအခမဲ့ပညာမသင်မနေရ ပညာရေးစနစ်အတွက် သတ်မှတ်ထားသော အသက်သည် (၁၄) နှစ်ထက်ပိုပါကကျောင်းနေသော ကလေးသူငယ်များ၏ အလုပ်လုပ်ကိုင်နိုင်သည့်အသက်သည် ပို၍ သက်မှတ်ထားသောအသက်ထက်မငယ်စေရ၊ ကလေးသူငယ်များကိုရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ ကျေးပိုင်၊ ကျွန်ပိုင်ပြုလုပ်ခြင်း၊ လူကုန်ကူးမှုကျူးလွန်ခြင်း၊ ကျွေးမြီးဖြင့်နှောင်ဖွဲ့ခိုင်းစေခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်းတို့ကို Talk Show ပြုလုပ်ခဲ့ပါသည်။