ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား လှူဒါန်းငွေပေးအပ်လှူဒါန်းခြင်း
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် လှူဒါန်းငွေ ဘိုးဘွားတစ်ဦးလျှင် ကျပ်(၁၅ဝဝဝ)စီကို လှူဒါန်းခဲ့ရာ (၁၁.၁၀.၂၀၂၂) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့ရှိ၊ ကန်တော်ကြီးမင်္ဂလာဘိုးဘွားရိပ်သာမှ ဘိုးဘွား (၃၀)ဦးနှင့် ဘိုကလေးမြို့ရှိ ဘိုးဘွား ချမ်းမြေ့ဘိုးဘွားရိပ်သာမှ ဘိုးဘွား (၂၇) ဦးကိုလည်းကောင်း၊ (၁၂.၁၀.၂၀၂၂) ရက်နေ့တွင် ဒေးဒရဲမြို့ရှိ မြတ်စေတနာဘိုးဘွားရိပ်သာမှ ဘိုးဘွား(၈)ဦးအားလည်းကောင်း ၊ ခရိုင်/မြို့နယ် လူမှုဝန်ထမ်းရုံးများ မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များမှ ကိုယ်စားလှယ်များပူးပေါင်း၍ လှူဒါန်းပေးအပ်ခဲ့ပါသည်။ စုစုပေါင်းလှူဒါန်းငွေ(၉၉ဝဝဝဝ)ကျပ် ဖြစ်ပါသည်။