မြောင်းမြခရိုင်အတွင်းရှိ အသက်အကြီးဆုံးဘိုးဘွား(၂)ဦးအား လှူဒါန်းထောက်ပံ့ငွေပေးအပ်ခြင်း
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် မြောင်းမြခရိုင်အတွင်မှ အသက်အကြီးဆုံး အဘိုးဖြစ်သူ မြောင်းမြမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ စမ်းချောင်း (၂) လမ်းနေ အဘိုးဦးထွန်းကြည်၊ အသက်(၁၀၅) နှစ်နှင့် အသက်အကြီးဆုံးအဘွားဖြစ်သူ ဝါးခယ်မမြို့နယ်၊ ပြိက္ကလေးကျေးရွာအုပ်စု၊ ရွာမကျေးရွာနေ အဘွား ဒေါ်တက်ပုံ၊ အသက်(၁၀၆)နှစ်တို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူုဒါန်းထောက်ပံ့ငွေကျပ် ၁ဝဝဝဝဝိ/-(ကျပ်တစ်သိန်းတိတိ)စီအား လက်ဝယ် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။