မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ Quick Win Project အသိပညာပေးလုပ်ငန်း
လူမှုဝန်ထမ်းဦးစီးဌာန၏ Quick Win Project တစ်ခုအနေဖြင့် အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုသိရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းတွင် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး” ခေါင်းစဉ်ဖြင့် ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးအား တတိယသုံးလပတ်အတွင်း (၂၁-၁၀-၂၀၂၂) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။