Special ACWC-ACW Consultation Meeting on Gender Mainstreaming in ASEAN and the First Meeting of the ASEAN Gender Mainstreaming Steering Committee (AGMSC) အစည်းအဝေးတက်ရောက်ခြင်း
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ၂၃-၁၁-၂၀၂၂ ရက်နေ့မှ ၂၄-၁၁-၂၀၂၂ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ကဏ္ဍပေါင်းစုံ၌ ကျား၊ မ ရေးရာအမြင် ထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအာဆီယံကော်မရှင် (The ASEAN Commission on the Promotion and Protection of the Rights of Women and Children–ACWC)၊ အာဆီယံအမျိုးသမီးရေးရာကော်မတီ (The ASEAN Committee on the Women-ACW) ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံဒေသတွင်း ကျား၊ မ ရေးရာထည့်သွင်းစဉ်းစားခြင်းဆိုင်ရာ ဦးဆောင်ကော်မတီ ASEAN Gender Mainstreaming Steering Committee (AGMSC) ပထမအကြိမ် အစည်းအဝေးများသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ် (၁) ဦး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဥက္ကဌ၊ ဒေါက်တာသက်သက်ဇင်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။