စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
စစ်ကိုင်းတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၇.၁၂.၂၀၂၂) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးဖြစ်သူ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ်ကာလအတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြပါသည်။ ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။