လူမှုဝန်ထမ်းဦးစီးဌာန၊ ဌာနငယ်/သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လှုပ်ရှားမှုဆောင်ရွက်မှုများ
မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်မှ ၁၃၈၅ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကာလတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး လက်အောက်ရှိ ဌာနငယ်/သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများမှ ကျောင်းသား/ ကျောင်းသူ၊ ကလေးသူငယ်များက မြန်မာ့ရိုးရာသင်္ကြန် ရေကစားခြင်း၊ ရိုးရာမုန့်များ ပြုလုပ်လှူဒါန်းခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော်များနာကြားခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Royal Apex ရေသဘင်ပွဲ၏ ဌာနဆိုင်ရာရေပက်မဏ္ဍပ် (၁၀) ခုအနက် နွေဦးကဗျာသင်္ကြန် ရေကစားမဏ္ဍပ်တွင် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ရန်ကုန်အမျိုးသမီးကလေးများ သင်တန်းကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ ကလေး(၄၀)ဦး၊ ဝန်ထမ်းမိသားစု(၁၀)ဦး စုစုပေါင်း(၅၀)ဦးသည် အခြားဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ နေ့စဉ်ရေပက်ကစားခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ရန်ကုန်မြို့တော်ဝန် သင်္ကြန်ရေကစားမဏ္ဍပ်၌ ကျင်းပသည့် (၁၂)ဦး ယိမ်းပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်း(၄)ကျောင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်ပါဆုများ အသီးသီးရရှိခဲ့ကြပါသည်-
(က) မူလတန်းကြိုကျောင်းအမှတ်(၄) ပထမဆု
(ခ) မင်္ဂလာဒုံမူလတန်းကြိုကျောင်း(ကျား) ဒုတိယဆု
(ဂ) မင်္ဂလာဒုံမူလတန်းကြိုကျောင်း(မ) တတိယဆု
(ဃ) အမှတ်(၅)မူလတန်းကြိုကျောင်း တတိယဆု