မြန်မာမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်း

     မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို (၃.၇.၂၀၂၃) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူစုစုပေါင်း (၂၀၀)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော တစ်နိုင်ငံလုံးဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးပထမဆုနှင့် နဝမဆုရရှိ အမျိုးသမီး (၂)ဦးကို ဆုချီးမြှင့်ခြင်း၊ မြန်မာ့လက်ရွေးစင်အားကစားနည်းတွင် ခြင်းလုံး၊ ဗိုဗီနမ်၊ ခွန်တိုကာတာ၊ လှေလှော်၊ ဘောလုံး၊ တိုက်ကွမ်ဒို၊ ဂျူဒိုအားကစားနည်းတွင် ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူ အမျိုးသမီး(၉)ဦးအား ဆုချီးမြှင့်ခြင်းနှင့် စက်ချုပ်သင်တန်း နည်းပြ(၁)ဦး၊ စက်ချုပ်သင်တန်းတွင် ထူးချွန်သူ(၁)ဦး၊ စက်ချုပ်သူသင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သူနာပြုနှင့်သားဖွား သင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသူလေးများက အကပဒေသာဖြင့် ကပြဖျော်ဖြေပြီး မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် Video Clip ကိုလည်း ပြသခဲ့ပါသည်။

FacebookTwitter