ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကလေးသူငယ်အသိပညာပေး ဟောပြောပွဲကို (၄.၉.၂၀၂၄) ရက်တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် အ.ထ.က (တကုန်းကြီး)၌ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးက လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ဆောင်မှုများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ မူလတန်း အလယ်တန်း အထက်တန်းကျောင်းများမှ ဆရာ/ ဆရာမ (၇၀) ဦး တက်ရောက်ခဲ့ပါသည်။