ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မန္တလေးလူငယ်သင်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စာဖတ်ဝိုင်းကျင်းပခြင်း

၁၁-၃-၂၀၂၅ရက်၊ နံနက် ၁၀း၃၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပသည့် လူငယ်စာဖတ်ဝိုင်းကို မန္တလေးလူငယ်သင်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား ဖတ်ကြား ဆွေးနွေးခဲ့ရာ မန္တလေးလူငယ်သင်တန်းကျောင်းမှ ဝန်ထမ်းနှင့်ကျောင်းသား စုစုပေါင်း(၂၃)ဉီး တက်ရောက်ဆွေးနွေးခဲ့ပါသည်။

FacebookTwitter