အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဝန်ထမ်းများ၏စွမ်းဆောင်ရည်မြှင့်တင်ရေး “ဝတ်စကုတ်အင်္ကျီ ချုပ်ပြိုင်ပွဲ”
ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၏ကြီးကြပ်မှုဖြင့် ပုသိမ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ၂၅.၃.၂၀၂၅ ရက်နေ့၌ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး ဝတ်စကုတ် အင်္ကျီချုပ်ပြိုင်ပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ဝန်ထမ်းများအား အားပေးစကားပြောကြားခဲ့ပါသည်။