အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင် ရေးဆိုင်ရာကော်မရှင်(ACWC)၏ ACWC Work Plan(2026-2030) ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

          အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ (၂၃.၄.၂၀၂၅) ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ကော်မရှင် (ACWC)၏  ၂၀၂၆-၂၀၃၀ လုပ်ငန်းအစီအစဉ် ACWC Work Plan(2026-2030)ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးတွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် နည်းပညာအထောက်အကူပြုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှင့် (၂၄.၄.၂၀၂၅)ရက်နေ့တွင် ကျင်းပခဲ့သည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ်အကြမ်း ဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်ဆိုင်ရာ ဆွေးနွေးပွဲများသို့ အာဆီယံ ကလေးသူငယ်အခွင့်အရေးကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံအမျိုးသမီးအခွင့်အရေး ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဌ၊ ဒေါက်တာသက်သက်ဇင်နှင့် ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ACWC Work Plan (2021-2026) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ မှုအခြေအနေများ၊ New ACWC Work Plan (2026-2030) ရေးဆွဲနိုင်ရေးအတွက် Priorities Areas များသတ်မှတ်ခြင်းကိစ္စရပ်များ၊ အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးလုပ်ငန်းရပ်များ၊ အာဆီယံဒေသတွင်း ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေးလုပ်ငန်းရပ်များ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံဒေသတွင်းလုပ်ငန်းစီမံချက်အတွက် End Term Review ရေးသားရေးကိစ္စ ရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ACWC Myanmar အနေဖြင့်မြန်မာ နိုင်ငံ၏ငလျင်ဒဏ်ခံစားရသည့် နယ်မြေများသို့ ASEAN Secretariat၊ AHA Centerနှင့် အာဆီယံနိုင်ငံများမှ ထောက်ပံ့ကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်းနှင့် ACWC Work Plan (2021-2026) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ခဲ့ရသည့်အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အာဆီယံ ဒေသတွင်းလုပ်ငန်းစီမံချက်အတွက် မြန်မာနိုင်ငံအနေဖြင့် End Term Review ရေးသားနိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
 

FacebookTwitter