စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးမှုသင်တန်းကျင်းပခြင်း (၂၁-၄-၂၀၂၅)
မန္တလေးငလျင်၏ သက်ရောက်မှုဒဏ်ကြောင့် ထိခိုက်ခံစားရသော မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ၊ ရှမ်းပြည်နယ်တို့တွင် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များ ပြိုလဲပျက်စီးမှုများကြောင့် ထိခိုက်ခံစားရသောဒေသများရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွဲ့စည်းထားသော စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်း(Psycho Social Support-PSS)ဆောင်ရွက်မည့် သူအဖွဲ့(၁၁)ဖွဲ့ အပါအဝင် လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ် လူမှု ဝန်ထမ်းရုံးတို့မှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ Case Manager (၁၆၀)ဦးအား စိတ်လူမှုရေးပိုင်း ဆိုင်ရာပံ့ပိုးရေးဆိုင်ရာ လုပ်ငန်းမဆောင်ရွက်မီ လူမှုဝန်ထမ်းဦးစီးဌာနနှင့် New Huminity Myanmar တို့ ပူးပေါင်း၍ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးသင်တန်းအား ယနေ့တွင် ဆောင်ရွက်ခဲ့ ပါသည်။