မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် လုပ်ငန်းအဖွဲ့ခွဲခေါင်းဆောင် ဒေါ်သွဲ့သွဲ့ဝင်း ဦးဆောင်၍ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇန်န၀ါရီ (၂၅)ရက် -
လူမှုဝန်ထမ်းဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် လုပ်ငန်းအဖွဲ့ခွဲ ခေါင်းဆာင်ဒေါ်သွဲ့သွဲ့ဝင်း ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ၏ ဇနီးများ လိုက်ပါ၍ ယနေ့မွန်းလွဲ(၁)နာရီ အချိန်တွင် နေပြည်တော် ခရိုင်၊ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ ဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်းများ ဖြစ်သော ရင်သွေးရတနာမူကြို၊ တော်ဝင်ရတနာမူကြို၊ နန်းထိုက်ရတနာမူကြိုကျောင်းများရှိ ကလေးများအား အာဟာရသွားရောက် ကျွေးမွေးပြီး ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ အသက် (၉၀)နှစ်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းနှင့်အညီ အလှူငွေနှင့် ဆေးဝါးများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။