မသန်စွမ်းသူ မောင်ဝေယံအောင်အား Wheel Chair (၁)စီး ထောက်ပံ့ပေးအပ်ခြင်း
ရခိုင်ပြည်နယ်၊ ၂၀.၆.၂၀၁၇
ရခိုင်ပြည်နယ် ၊ ပေါက်တောမြို့နယ် ၊ အမှတ်(၄) ရပ်ကွက် (အဘ) ဦးလူနီ ၊ (အမိ) ဒေါ်အေးအေးခိုင်၏ သား မောင်ဝေယံအောင်သည် ငယ်စဉ်က ပိုလီယိုရောဂါဖြင့် မသန်စွမ်းဖြစ်ခဲ့မှုကြောင့် ၎င်းင်းကိုယ်တိုင် လှုပ်ရှားသွားလာနိုင်ရန်အတွက် လှုမှုဝန်ထမ်းဦးစီးဌာန ၊ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ (၂၀.၆.၂၀၁၇) ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်အေးအေးခိုင်အား Wheel Chair (၁)စီး ထောက်ပံ့ပေးခဲ့ ပါသည်။