ရပ်ရွာအခြေပြု စက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်း
ပဲခူးတိုင်းဒေသကြီး၊ ၂၃.၆.၂၀၁၇
ပဲခူးမြို့၊ ကြခတ်တောရဓမ္မရိပ်သာကျောင်း၌ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်း (၂/၂၀၁၇)ကို သင်တန်းသူ(၃၀)ဦးဖြင့် (၂၁.၆.၂၀၁၇)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီချိန်တွင် ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဦးသုတနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပြီး သင်တန်းဖွင့်ပွဲတွင် ကြခတ်တောရဆေရာတော် နှင့် ညွှန်ကြားရေးမှူး ဦးသုတ တို့မှ အမှာစကား ပြောကြားခဲ့ပါသည်။ ဤသင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း များ / ဝင်ငွေရလုပ်ငန်းဖြင့် ဘဝရပ်တည်ရေးကို အထောက်အကူများ ရရှိစေမည် ဖြစ်ပါသည်။