နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၉ Danishnstitute for Partiesand Democracy (DIPD) မှ ဦးဆောင်၍ ပါတီစုံဒီမိုကရေစီ အစီအစဉ်တွင် ပါဝင်သောနိုင်ငံရေး ပါတီပေါင်းစုံမှ လူ ငယ် (၄၀)ဦးတို့ အား လူငယ်ရေးရာမူဝါဒ လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက် မှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပွဲကို (၈.၂.၂၀၁၈) ရက်နေ့၊ နံနက်က ဝန်ကြီးရုံးရှိ လူမှုဝန်ထမ်းဦးစီးဌာန အစည်းအေဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၈ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအစည်းအဝေး (၁/၂၀၁၈)ကို (၇.၂.၂၀၁၈) ရက်နေ့၊ မွန်းလွဲ(၁)နာရီ၌ ဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေး ရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာ စကား‌ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကျော်သည် ဖျာပုံခရိုင်အတွင်းတွင် ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသောမိခင်ဝိုင်းများသို့(၆.၂.၂၀၁၈)ရက်နေ့၌သွားရောက်ကြီးကြပ်ဆောင်ရွက်ခြင်း၊ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးခြင်းတို့အားပြုလုပ်ဆောင် ရွက်ပေးခဲ့
တနင်္သာရီတိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ တနင်္သာရီတိုင်းဒေသကြီး ၊ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲတွင်ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသောမော်ကြီးရွာမိခင်ဝိုင်း၊၊ဂန့်ဂေါ်တောင်ရွာ မိခင် ၀ိုင်း၊ဖောင်းတောရွာမိခင်ဝိုင်း(၁)၊(၂) များ သို့ (၆.၂.၂၀၁၈) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန ၊တနင်္သာရီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါ်ခင်စန်းရီ မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊၂၀၁၈၊ဇန်န၀ါရီ ၇ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူးကျင်းပသော(၁၀၃)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုကြိုဆိုဂုဏ်ပြုသော အားဖြင့် ကလေးများနေ့အကြို လှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မူကြိုကျောင်းပေါင်းစုံ ကာယ စွမ်းရည်ပြိုင် ပွဲအား (၂.၂.၂၀၁၈) ရက်နေ့ ကျင်း ပပြု လုပ်ခဲ့ပါသည်။ ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော်၊ ဒုတိယညွှန်ကြားရေးမှူးဒေါ် နန္ဒာနွယ်ဟန်၊ ဗဟန်းမြို့နယ် ၊အထွေထွေအုပ်ချုပ်ရေးဥိးစီးဌာန ၊ဒုဦးစီးမှူးဦးရန်နိုင်ငြိမ်းတို့မှ ဖဲကြိုးဖြတ်၍ပြိုင်ပွဲ အခမ်းအနား အားဖွင့်လှစ်ခဲ့ ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊၂၀၁၈၊ ဖေဖေါ်ဝါရီ ၆ လူမှုဝန်ထမ်းဦးစီးဌာန၊ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံး ကြီးမှူး ၍ (၅.၂.၂၀၁၈) ရက်နေ့တွင်မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပနိုင်ရေး အတွက် INGOs၊ NGOs အဖွဲ့အစည်းများ၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှတာဝန်ရှိသူများနှင့်ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး
နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၆ မိမိဆန္ဒအလျောက်နေရပ်ပြန်ခြင်းဆိုင်ရာဒုတိယအကြိမ်အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၅.၂.၂၀၁၈) ရက်နေ့၊နံနက်ပိုင်း ကနေပြည်တော် ရှိ MGalleryBySofitelHotelတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၅ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေးအားမြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti (၂.၂.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါ ၀န်ကြီးရုံးမေခလာခန်းမ ၌ လာရောက်တွေ့ ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H. E. Mr. Pier Giorgio Aliberti က ရခိုင်ပြည်နယ် တွင် အစိုးရ၏ ဆောင်ရွက်ချက်များ အပေါ်အသိအမှတ်ပြုပါကြောင်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ် ၏ ရှုပ်ထွေးမှု ကို နားလည် ပါကြောင်း ၊နေရပ် စွန့်ခွာသူများပြန်လည် လက် ခံရေးလုပ်ငန်း တိုးတက်မှုဖြစ်စဉ်များ၊ UEHRD ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းကူညီနိုင်မည့်နည်းလမ်းများ၊ အီတလီနိုင်ငံမှ အစိုးရမ ဟုတ်သောနိုင်ငံ တကာအဖွဲ့အ စည်းဖြစ်သည့် Emergency အဖွဲ့မှ ရခိုင်ပြည်နယ် တွင် ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များ ဆန်းစစ်ရန် လာရောက် လိုသည့်ကိစ္စများကို မေးမြန်း ဆွေးနွေးခဲ့ပါသည်။
နေပြည်တော်၊၂၀၁၈၊ဖေဖေါ်ဝါရီ ၅ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏မြေငလျင်တုံ့ပြန်မှုသဏ္ဍာန်တူလေ့ကျင့်ခြင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို(၁.၂.၂၀၁၈)ရက်နေ့၊နံနက်ပိုင်းကနေပြည်တော်၊Hiltonဟိုတယ်၌ကျင်းပပြုလုပ်ရာအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ၀င်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားပါသည်။
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ ၂၀၁၈၊ဖေဖေါ်ဝါရီ ၅ လူမှုဝန်ထမ်းဦးစီးဌာန၊ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက်စေတနာ့ ၀န်ထမ်း အဖွဲ့အစည်းများအားနှုန်းထား သစ် အရထောက်ပံ့ကြေးငွေ တိုးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား (၁.၂.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ၊မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာ တို့မှကြီးကြပ်မှုကော်မတီဝင် များနှင့်ဂေဟာမှူးများ၊နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး ဗန်းမော်ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် မှထောက် ပံ့ပေး အပ် ရခြင်း အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။