ကယားပြည်နယ်၊ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၅)ရက် -

      ပြည်သူ့အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ၊ အမျိုးသားရင်ကြားစေ့ရေး၊ ဥပဒေနှင်‌့အညီ ပြည်သူကို အကာအကွယ် ပေးနိုင်တဲ့ အုပ်ချုပ်စီမံမှု စနစ်ပေါ်ပေါက်ရေး၊ တိုင်းရင်းသားအားလုံး စုစည်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးနှင်‌့ ပြည်သူအားလုံး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်လျှက်ရှိပါြကောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင်‌့ မွေးကင်းစမှ သက်ကြီးရွယ်အို အထိ လူမှုကာကွယ်စောင်‌့ရှောက်ရေးလုပ်ငန်းများနှင်‌့ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင်‌့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်သူနဲ့ အနီးစပ်ဆုံးနေပြီး ပြည်သူယုံကြည်မှု ရရှိအောင် လုပ်ငန်းများအား ဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများနှင်‌့အညီ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင်‌့ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်အတွင်းရှိ လူမှုရေးအဖွဲ့ အစည်းများနှင်‌့ ချိတ်ဆက်၍ ကွန်ယက်တစ်ခု ထူထောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောကြားပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ (၃၁) -

      "အခြေခံလူ့အခွင့်အရေး ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရရှိ နိုင်မည့် လူမှုအသိုက်အဝန်းဖြစ်ရပ် ပေါ်ပေါက်လာစေရေးနှင့် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေး" ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဤသင်တန်းကျောင်းမှ သင်တန်းသူများကို မိမိတို့ဘဝ မိမိတို့ကိုယ်တိုင်ရပ်တည်နိုင်သည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များ ရရှိသွားပြီး လူမှုအသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်သည့် အခြေအနေရောက်အောင် လေ့ကျင့်ပြုစုစောင့်ရှောက်ပေးစေလိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ထောက်ကြန့်အမျိုးသမီးကလေးများ သင်တန်းကျောင်းမှ သင်တန်းဆရာမများအား မှာကြားပြီး အစောင့်ရှောက်ခံ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ၎င်းတို့၏ လိုအပ်မှုတင်ပြချက်များကို ဆွေးနွေးဖြေရှင်း ပေးခဲ့ပါသည်။

နေပြည်တော်၊ ဇန်နဝါရီ (၁) -

      လူ့ဘဝတစ်လျှောက်လုံးအတွက် မွေးစမှသည် သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက်အဝန်းတစ်ရပ် ပေါ်ပေါက် လာစေရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် သက်ကြီးရွယ်အိုများ အတွက်လည်း အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ ပေါ်ထွက်လာမည်ဖြစ်ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် နည်းဥပဒေကိုလည်း ရေးဆွဲသွားမည် ဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အရပ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ တည်ထောင်ထားသော ဘိုးဘွားရိပ်သာ(၈၁)ခုကို နိုင်ငံတော်အနေဖြင့် အသိအမှတ်ပြု၍ ငွေကြေး၊ ပစ္စည်းနှင့် သက်ကြီးသူများ ပြုစုစောင့်ရှောက်ခြင်း နည်းပညာများကို ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး စံပြဂေဟာတစ်ခုကိုလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရပ်ရွာအတွင်းရှိ အသက်အရွယ် အိုမင်းသော်လည်း စွမ်းဆောင်ရည်ရှိသော သက်ကြီးရွယ်အို များအတွက် သက်ကြီးသူခြင်း ကူညီစောင့်ရှောက်ရေး အစီအစဉ်များလည်း ချမှတ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း ယနေ့ကျင်းပပြုလုပ်သည့် ပျဉ်းမနားဘိုးဘွားရိပ်သာ ငွေပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာ (၃၀) -

      ပြည်သူ့အစိုးရ အဖွဲ့သစ်အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီကို မူဝါဒသစ်များ ချမှတ်ပြီး အမျိုးသမီးများအခွင့်အရေး အပြည့်အဝရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်မယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ဖော်ဆောင်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို ထည့်သွင်း ဆောင်ရွက်ခြင်းသည် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ရရှိဖို့ အထောက်အကူ ဖြစ်စေကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီ-ပြောင်းလဲနိုင်စွမ်းရှိသော အမျိုးသမီးများ ညှိနှိုင်းဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားပါသည်။

ရန်ကုန်၊ ဒီဇင်ဘာ (၂၈) -

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံသား အခွင့်အရေးများကို သိရှိပြီး ခံစားရရှိစေရန်နှင့် နိုင်ငံတော်အတွက် တတ်နိုင်သမျှ ပေးဆပ်တာဝန်ထမ်းဆောင်နိုင်စေရန် လူမျိုးဘာသာမရွေး အသက်(၅)နှစ် မှ (၂၅)နှစ်အတွင်း မြန်မာနိုင်ငံသား အမြင်အာရုံ မသန်စွမ်းသူများအား လက်ခံသင်ကြားပေးလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယ၊ ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)သို့ သွားရောက်ခဲ့ရာ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များတွင် အမြင်အာရုံချို့တဲ့သူမျာနှင့် အခြားမသန်စွမ်းသူများက တစ်တပ်တစ်အား ပါဝင်လိုမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ကြီးဌာနက လှူဒါန်းသော ကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ -

          နိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ လူမှုရေးဘဝများလုံခြုံရေးကို ထိပါး လာသည့် အခြေအနေများ ဖြစ်ပေါ်လာရသည့်အတွက် သက်ငယ်မုဒိမ်းမှုများ လျော့နည်းသွားစေရေး၊ ဖြစ်ပေါ်လာပါက အလျင်အမြန် သိရှိသတင်းပို့ တိုင်ကြားနိုင်ရေး၊ ထိခိုက်ခံစားရသော ကလေးသူငယ်များ လိုအပ်မည့် အကူအညီများအား အလျင်အမြန် ပေးနိုင်ရေးနှင့် ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရေးတို့ကို ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကပြောကြားသည်။

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ -

      အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အတည်ပြု နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများကို ရှုထောင့်ပေါင်းစုံမှ ကာကွယ်စောင့် ရှောက်ပေးနိုင်ရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် -

       လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်   ၂၀၁၆  ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ  ပဲခူးမြို့၊ ညောင်လေးပင်မြို့နှင်‌့ ကျောက်တံခါးမြို့ တို့တွင် ဒေသခံ လူမှုအဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက် -

       အရှေ့အာရှ မိသားစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျား/မ တန်းတူညီမျှရေးဆိုင်ရာ ဝန်ကြီးများအဆင့် ညီလာခံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

နေပြည်တော်၊ ၂၀၁၆ခုနှစ်၊ဒီဇင်ဘာလ ၂၂ ရက် -

              မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သော ဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ်လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းသည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေး အတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အား များစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့် စေတနာ့ဝန်ထမ်း လူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ တွင် ကျင်းပပြုလုပ်သော လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်း(၁/၂၀၁၆) ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ နေပြည်တော် ကောင်စီ နယ်မြေအတွင်းမှ သင်တန်းသား (၈၀)ဦးတက်ရောက်ခဲ့ပါသည်။