နေပြည်တော်၊ ၃၀.၅.၂၀၁၇   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ချင်းပြည်နယ် တွင် ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အကဲဖြတ် ဆန်းစစ် ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား Grand Amara Hotel၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။    ဤအလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာမင်းယျာဦးမှ အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ Nina Blondal, Monitoring and Education Specialist, LIFT Consultant မှဆက်လက်၍ workshop တွင် ပြုလုပ်ရမည့် အစီအစဉ်များ ကို ရှင်လင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူပေါင်း (၂၈)ဦးရှိကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ၂၉.၅.၂၀၁၇ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (Joint Strategy Team(JST) တာဝန်ရှိသူများအား အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့ ညနေ (၃း၀၀) နာရီတွင် လက်ခံ တွေ့ဆုံခဲ့ပါ သည်။ ယင်းသို့တွေ့ဆုံရာတွင် Joint Strategy Teamတွင် ပါဝင်သောအဖွဲ့(၅)ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အနေဖြင့် ၎င်းတို့ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ်ရှိ မကြာသေးမီကာလအတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့်ဒေသ၌ ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ လိုအပ်ချက်များ လေ့လာဆန်းစစ်မှုအခြေအနေနှင့် နေရပ်ပြန်ရေးနှင့်ပြန်လည် နေရာချထားရေးဆိုင်ရာ ရှေ့ပြေးစီမံချက် အဆိုပြုလွှာတို့ကို တင်ပြခဲ့ပါသည်။ ပူးပေါင်း လုပ်ငန်းစဉ်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုက်ပွဲရှောင် ပြည်သူများ၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များတင်ပြရာတွင် တိုက်ပွဲရှောင်ပြည်သူ များအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်အစီအစဉ်များ၊ ပြန်လည်နေရာချထားရေး ဆိုင်ရာဆောင်ရွက်မည့်အစီအစဉ်များ၊ ကယ်ဆယ်ရေးစခန်းများရှိ ကျောင်းသားများ ပညာ ဆက်လက်သင်ကြားခွင့်ရရှိရန် ညှိနှိုင်းပေါင်းစပ်ပေးရေး၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ရရှိရေးသက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအတွက် နိုင်ငံတော်နှင့် ဒေသခံအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေးတို့ကို တင်ပြ ခဲ့ပြီး ဝန်ကြီးဌာနဘက်မှလည်း တိုက်ပွဲရှောင်စခန်းများအတွက် လူသားချင်းစာနာကူညီမှု၊ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးမှု၊ ဥပဒေနှင့်အညီကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ သက်ကြီးရွယ်အိုအခွင့်အရေး၊
ရခိုင်ပြည်နယ်၊ မေ(၂၆) ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ရပ်ရွာအတွင်းရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် သက်မွေးဝမ်းကျောင်း ပညာများ ရရှိစေရန်အတွက် စစ်တွေမြို့နယ်၊ သက်ကေပြင် IDP စခန်းတွင် သင်တန်းသူ (၂၀)ဦးဖြင့်လည်းကောင်း၊ ဘောဒူဖ IDP စခန်းတွင် သင်တန်းသူ (၂၀)ဦးဖြင့်လည်းကောင်း (၂၅.၄.၂၀၁၇) ရက်နေ့မှ (၂၆.၅.၂၀၁၇) ရက်နေ့ အထိ စက်ချုပ်သင်တန်းအား ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ (၂၆.၅.၂၀၁၇) ရက်နေ့တွင် IDP စခန်းအသီးသီး၌ သင်တန်းဆင်းပွဲများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါသင်တန်းတွင် ထူးချွန် ဆုရရှိသူ (၂)ဦးစီ စုစုပေါင်း (၄)ဦးအား ခြေနင်းအပ်ချုပ်စက် (၁)စုံစီ ဆုချီးမြှင့်ခဲ့ပါသည်။
မွန်ပြည်နယ်၊ မေ(၂၂)            မွန်ပြည်နယ်အတွင်း မြို့နယ်(၁၀) မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲအား (၂၂.၅.၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့ ၊ ရွှေတောင်ရပ် ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်၊ လုပ်ငန်းစဉ် ရှင်းလင်းပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးး ဦးကိုကိုနိုင် မှ အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါအေးမြမိုး နှင့် ဝန်ထမ်း(၁) ဦးမှ လူမှုရေးပင်စင်ထောက်ပံ့ပေးရာတွင် လိုအပ်သော အထောက်အထားများ ၊ ပြေစာများ ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးးများအားလမ်းညွှန်မှာကြားရမည့်အချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော မြို့နယ်ကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဆွေေးနွးပွဲသို့ အင်အား (၃၉) ဦး တက်ရောက်ခဲ့ကြပါသည်။
နေပြည်တော်၊ မေ(၂၀) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျောက်ငနွားကျေးရွာနှင့် ပေါက်တောမြို့နယ်၊ မြင့်ဂါသစ်ကျေးရွာတွင် Save the Children, Tat Lan, RESCUE တို့မှ LIFT ၏ ကူညီထောက်ပံ့မှုဖြင့် Pilot Project အဖြစ် MCCT Program လုပ်ဆောင်နေမှု လေ့လာကြည့်ရှုခဲ့ပြီး၊ ထောက်ပံ့ကြေးရရှိသော သူများအား ဆွေးနွေးပြောကြားခဲ့ ပါသည်။
နေပြည်တော်၊ မေ(၁၉)  လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် (၁၉.၅.၂၀၁၇)  ရက်နေ့တွင် နံနက်(၀၉း၀၀)နာရီမှ နေ့လည်(၁၂း၀၀)နာရီထိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သော '' ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာ သော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ် လုပ်ငန်းညှိနှိုင်း  ပေါင်းစပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ'' ကို တက်ရောက်ခဲ့ပါ သည်။           အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နယ်စပ်ဒေသလုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီး ထိန်လင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါကြောင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးမှ အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပြီး သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပါကြောင်းနှင့် ဆွေးနွေးပွဲသို့  စုစုပေါင်း (၈၀) တက်ရောက်ခဲ့ပါသည်။           မွန်းလွဲပိုင်းတွင်  ပေါက်တောမြို့ရှိ မီးဘေးသင့်၍ စစ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူနေရသူ (၅)ဦး အား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ဝိ/- စီဖြင့် လူမှုကရုဏာထောက်ပံ့ကြေးသွားရောက်ပေးအပ်ခဲ့ပါသည်။           ထိုမှတစ်ဆင့် စစ်တွေမြို့ ပြည်နယ်လူမှုဝန်ထမ်းရုံးတွင်
နေပြည်တော်၊ မေ(၁၈) လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်သည် (၁၈.၅.၂၀၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့သို့ရောက်ရှိပြီး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှာင်စခန်းများတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပံ့ပိုးဖွင့်လှစ်ပေး နေသော စက်ချုပ်သင်တန်းများတွင် သင်တန်းသူများ သင်ကြားနေမှုကို ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ထိုသင်တန်းတွင် ထူးချွန်သူ (၁)ဦးစီအား ရွေးချယ်၍ အပ်ချုပ်စက်(၁)လုံးစီ ချီးမြှင့်မည့်အကြောင်း အားပေးပြောကြားခဲ့ပါသည်။ ထိုမှတစ်ဆင့် စစ်ဘေးရှောင်စခန်းများတွင် Save the Children နှင့် Australian AID တို့ ပူးပေါင်းပံ့ပိုး ဖွင့်လှစ်ထားသော ''ကလေးပျော်နေရာများ'' သို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မေ(၂၄)ရက် (၂၄.၅.၂၀၁၇) ရက်နေ့ ၊ နံနက် (၀၉း ၀၀) နာရီအချိန်  မော်လမြိုင်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျာင်းခန်းမ၌ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့(International  Rescue  Committee  ) တို့ပူးပေါင်းကျင်းပပြုလုပ်သော ကျား/မ ခွဲခြားသော အမြင်ကြောင့် ပေါ်ပေါက်လာသော  အကြမ်းဖက်မှုများ၏  သဘောတရားများနှင့် ပြုကျင့်ခံရသူများအား  ကူညီပေးခြင်းဆိုင်ရာ ကျွမ်းကျင်သင်တန်း ကို (၂၄.၅.၂၀၁၇)ရက်နေ့ မှ(၂၆.၅.၂၀၁၇)ရက်နေ့ထိ   သင်တန်းသား(၃၀)ဦးနှင့် ဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။
၂၀၁၇ ခုနှစ်၊ မေ(၂၄)၊ မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်ရှင်းလင်းပွဲအား (၂၃-၅-၂ဝ၁၇)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်မှ အဖွင့်အမှာစကားပြောကြားခဲပါကြောင်း၊ တိုင်းဒေသကြီးဦးစီးမှူးမှ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းစဉ်များကို ရှင်းလင်းခဲ့ပြီး အဆိုရှင်းလင်းပွဲသို့ အင်အား(၆၆)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
နေပြည်တော် မေ ၂၃ ၂ဝ၁၇ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နေ့လယ်(၁၃းဝဝ)နာရီအချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် People In Need အဖွဲ့မှ Country Director ဖြစ်သူ Mr. Vladislav Vik တို့သည် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် အရပ်ဖက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြပါသည်။